Home » Local News » နယ်မြေ(၃)နေရာမှ မူးယစ်ဆေးဝါး (၃)မှုအပါအ၀င် ၉၁ လက်ပစ်ဗုံးတစ်လုံး၊ လိုင်စင်မဲ့ယာဉ်(၁)စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိ
နယ်မြေ(၃)နေရာမှ မူးယစ်ဆေးဝါး (၃)မှုအပါအ၀င် ၉၁ လက်ပစ်ဗုံးတစ်လုံး၊ လိုင်စင်မဲ့ယာဉ်(၁)စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိ
By Admin • January 27, 2018 • Extras God Local News • Comments : 0
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ နယ်မြေ(၃)နေရာမှ မူးယစ်ဆေးဝါး (၃)မှုအပါအ၀င် ၉၁ လက်ပစ်ဗုံးတစ်လုံး၊ လိုင်စင်မဲ့ယာဉ်(၁)စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီလ ၂၂ ရက်နေ့၁၅း၀၀နာရီ အချိန် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ်သက်စိုးဦး ဦးစီးသည့်ပူးပေါင်းအဖွဲ့ဖြင့် ဘားအံမြို့နယ်၊ကော့ကဒါကျေးရွာအုပ်စု၊ ကော့ကဒါကျေးရွာ၊ ဘုရားကုန်းစေတီတော်ကြီးအနီး လမ်းဘေးတွင် စောင့်ဆိုင်းဖမ်းဆီးရာ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသူ ရွှေဝါ(ခ)အဒူလာ၊ ၃၂နှစ်၊အား WY စိတ်ကြွဆေးပြား(၂၀)ပြားနှင့်ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ယင်းနေ့ ၁၇း၀၀ နာရီအချိန် မူးယစ်တပ်ဖွဲ့စု (၃၁)ဘားအံမှ ရဲအုပ် အောင်သူဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် ဘားအံမြို့နယ်၊ဇာသပြင်ကျေးရွာအုပ်စု၊ ဇာသပြင်-ကျားကလေးလမ်းဆုံတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်ဖမ်းဆီးရာ VIGO HILUX အမျိုးအစား၊ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့်အတူ စောဖိုးထူး၊၄၂နှစ်၊ အ၀င်း၊၄၇နှစ်၊ စောအာဒါမူး(ခ) အာဒါတို့ သုံးဦးအား WY စိတ်ကြွဆေးပြား(၅)ပြား၊ ဗြူး(စ်)မပါ ၉၁အမျိုးအစား၊ လက်ပစ်ဗုံးတစ်လုံးတို့ဖြင့်လည်းကောင်း၊ အလားတူဇန် ၂၃ရက်နေ့ ၁၂း၀၀နာရီအချိန် ကော့ကရိတ်ခရိုင်မှုခင်း နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သန်းထိုက်အောင် ဦးစီးပူးပေါင်းအဖွဲ့ဖြင့် မူးယစ်ဆေးဝါးသတင်းအရ ကော့ကရိတ်မြို့၊အမှတ်(၄) ရပ်ကွက်၊ပုဏ္ဏရိပ်(၃)လမ်းနေ အငယ်လေး(ခ)မခင်စိုး၊၄၂နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ အဖြူရောင်ပလပ်စတစ်ဗူးဖြင့် ထည့်ထားသောWYစိတ်ကြွဆေးပြား(၁၃)ပြားကိုရှာဖွေတွေ့ ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ၂၀၁၇ခုနှစ်တွင် WY ဆေးပြား(၂၃၇၂၇၅၉)ပြား၊ ICE (၂၇၁၈)ဂရမ်၊ ဆေးခြောက်(၁၇၈)ဂရမ်၊ လက်နက် (၈၄)လက်၊ခဲယမ်း(၇၂၂)တောင့်၊ ယာဉ်(၁၇၃)စီး၊ ကျပ်ငွေ(၁၈၃)သိန်း သိမ်းဆည်းရမိခဲ့ရာ စုစုပေါင်း တန်ဘိုး (၇၃၅၇၆)သိန်းကျပ်သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး ၅၆၈မှုက တရားခံ ၇၉၄ ဦးကိုဖော်ထုတ်ဖမ်း ဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
Subscribe to:
Post Comments
                        (
                        Atom
                        )
                      
 
 





 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate

Post a Comment